Monday, 17 March 2014

ပထမအစအဦး Bus များ

ကွန်ပြူတာဝေါဟာရတွင် လမ်းကြောင်းဟု အဓိပ္ပါယ်ရသည်။ လမ်းကြောင်းဟုဆိုသောကြောင့် အကျယ် နှင့် အမြန်နှုန်း သတ်မှတ်ချက်ရှိပါသည်။ ကွန်ပြူတာ အခေါ်အဝေါ်အရ bit rate နှင့် Mhz တို့ကို သုံးနှုန်းပါသည်။ bit rate သည် အကျယ်ဖြစ်ပါသည်။ မည်မျှ သယ်ဆောင်နိုင်ခြင်းကို ဆိုလိုသည်။ Mhz သည် အမြန်နှုန်း၏ ယူနစ်ဖြစ်သည်။ သတ်မှတ်ထားသော data ကို အမြန်နှုန်းမည်မျှဖြင့် သယ်ဆောင်နိုင်သည်ကို သတ်မှတ်ထားခြင်း ဖြစ်သည်။
Data Bus - Data bus တွင်  External Data bus  နဲ့ Internal Data bus ဟူ၍ ခွဲခြားထားပါသည်။
External Data bus  – CPU အပြင်ဘက်မှ မည်သည့် Data လမ်းကြောင်းကိုမဆို External Data bus ဟုခေါ်ဆိုနိုင်သည်။
Internal Data Bus - CPU အတွင်းပိုင်းရှိ Data လမ်းကြောင်းမှန်သမျှကို Internal Data bus ဟုခေါ်ဆိုနိုင်သည်။
FSB (Fornt side bus) -ဖော်ပြထားပြီးခဲ့သည့်အတိုင်း External Data bus အမျိုးစားဖြစ်သည်။ ၄င်းနှင့် ချိတ်ဆက်ထားသော အရာများမှာ CPU, RAM, MCC တို့ဖြစ်သည်။ အမြန်နှုန်းအနေဖြင့် 400,533,667,800,1066,1333 Mhz စသဖြင့် အမျိုးမျိုးရှိကြသည်။ band width အနေဖြင့် 64 bit ဖြစ်ပါသည်။
BSB (Back side bus) - CPU တွင် L1 နှင့် L2 Cach နှစ်မျိုးရှိသည်။ နောက်ပိုင်းတွင် ၄င်းတို့အကြောင်း ဆက်လက်ဖော်ပြပါမည်။ Main Core နှင့် L1 ,L2 တို့ဆက်သွယ်ထားသော လမ်းကြောင်းကို BSB ဟုခေါ်ဆိုသည်။ ထိုလမ်းကြောင်း၏အမြန်နှုန်းသည် CPU core ၏အမြန်နှုန်း နှင့် သက်ဆိုင်သည်။

No comments:

Post a Comment