Monday, 17 March 2014

Computer Hardware အကြောင်းအခြေခံများ

ကွန်ပြူတာ တွင် အရေးကြီးသောအပိုင်း များဟုဆိုရာတွင်.. အဓိကအားဖြင့် CPU , RAM (random access memory), FSB (front side bus), Chip set and slots များဟု ပြောနိုင်ပေမည်။ တစ်ခုခြင်းစီကို အတိုချုံးရှင်းပြရသော်….
  • CPU (Central Processing Unit)
CPU ဆိုသည့်အတိုင်း ကွန်ပြူတာတွင် သူသည် ဗဟိုကျသော ၊ အဓိကကျသော တာဝန် (calculating) ကို လုပ်ဆောင်ရသည်။ CPU၏ တာဝန်ကို အကြမ်းအားဖြင့်ဖော်ပြရသော်… ၄င်းနှင့် ဆက်သွယ်ထားသော device များထံအချက်အလက်များကို .. တွက်ချက်ခြင်း၊ ဖော်ပြခြင်းတို့ကိုဆောင်ရွက်ရပါသည်။
  • RAM (Random Access Memory)
Random ဟုဆိုရခြင်းမှာ … CPU သည် RAM ဆီမှ Data များကို ယူဆောင်ရာတွင် (သို့) North Bridge သည် RAM ကို Access လုပ်ရာတွင် (တစ်နည်းအားဖြင့် Memory ပေါ်မှ data များကို ယူဆောင်ရာတွင်)  တိတ်ခွေကဲ့သို့မဟုတ်  မည်သည့်နေရာမှ Data ကို မဆိုယူ၍ရနိုင်သော ကြောင့် ကျရာနေရာမှ အချက်အလက်များကို ယူဆောင်၍ရနိုင်သောကြောင့် ထိုသို့ဆိုလိုခြင်းဖြစ်သည်။ နောက်ပိုင်းတွင် RAM အကြောင်းကို အသေးစိတ်ရှင်းပြပေမည်။
  • FSB or Front Side Bus
FSB (front side bus) အရှေ့ဘက်လမ်းကြောင်း ဟုခေါ်ဆိုခြင်းသည် အနောက်ဘက်လမ်းကြောင်း Back Side Bus ရှိနေသည်ကို မမေ့သင့်ပေ..
FSB သည် CPU နှင့် North Bridge ၊ North Bridge  နှင့် RAM အကြား ဆက်သွယ်ထားသော Data transfer လုပ်သော လမ်းကြောင်းဖြစ် သည်။ ၄င်းနှင့်အတူ Address bus လည်းရှိသေးသည်။ ၄င်း ကိုနောက်ပိုင်းတွင်ဆက်လက်ဖော်ပြပါမည်။
  • Chip Set
Chip set ဟုဆိုရခြင်းမှာ တစ်ခုတည်းမဟုတ် တစ်စုံဖြစ်နေ၍ ခေါ်ဆိုရခြင်းဖြစ်သည်။ North Bridge နှင့် South Bridge ကို ခေါ်ဆိုခြင်းဖြစ်သည်။ North Bridge သည် CPU ပြီးလျှင် အလုပ်အများဆုံးသော Chip ဖြစ်သည်။ North Bridge သည် South Bridge ထက်မြန်သည် ။ North Bridge ကို MCC (Memory Cotroller chip) ဟုလည်းခေါ်သည်။ GMCH (Graphic Memory Cotroller Hab) ဟုလည်း ခေါ်ပါသေးသည်။သူ၏တာဝန်များမှာ CPU မှ RAM အပေါ်ရှိ Data များကို လိုချင်သည့်အခါတွင် သူမှ ဖြတ်သန်း၍ (သူမှ တာဝန်ယူ၍ RAM ရှိData ကို ယူဆောင်၍ FSB အပေါ်သို့) လွှတ်တင်ပေးရပါသည်။  သူ Control လုပ်သော အပိုင်းများမှာ AGP(Accelarated Graphic Port) or VGA slot, PCIe, RAM တို့ ဖြစ်ကြပါသည်။ South Bridge မှာ HDD Cotroller (Hard Disk Drive Controller Chip) အနေဖြင့် လုပ်ဆောင်သည်။ ထို့အပြင် slot အချို့ကိုလည်း Control လုပ်ပေးသည်။ အထူးသဖြင့်  Hard Disk , IDE, USB, BIOS,PCI တို့ကို Control လုပ်ပေးသည်။
  • Slots
အပိုထပ်ဆောင်း၍ အသုံးပြုလိုသော အခြေအနေများတွင် (ဥပမာ- အသံထွက်ပိုမိုကောင်းမွန်စေချင်၍ (သို့မဟုတ်) Network အတွက်၊ TV ကြည့်ရှုရန် ၊ Internet သုံးရန် ဂိမ်းကစားရန်) စသော လိုအပ်မှုများအတွက် အသုံးပြုသူမှ ရွေးချယ်တပ်ဆင်နိုင်သော Slots များဖြစ်ကြသည်။

No comments:

Post a Comment