Ram ၏အလုပ်လုပ်ပုံမှာ user မှ programme တစ်ခုကို click
လိုက်သည့်အချိန်တွင် Hard disk တွင်ရှိသော file များကို ပထမဦးဆုံး Ram
ပေါ်သို့ဆွဲတင်သည်။ ဒုတိယအနေဖြင့် ram ပေါ်မှ ဒေတာများကို cpu ထံသို့
ပို့ဆောင်ကာ တွက်ချက်စေသည်။ ပြီးလျှင် တွက်ချက်ပြီးသော ဒေတာများကို ram
တွင် ပြန်သိုလှောင်သည်။ ထို့နောက် ဒေတာများကို သက်ဆိုင်ရာ
အစိတ်အပိုင်းများသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။
အထူးသဖြင့် ဒေတာများကို သိမ်းဆည်းသိုလှောင်သော
အလုပ်ကိုအဓိကလုပ်ဆောင်ရသည်။ ဒေတာများသည် ram ပေါ်တွင်
အမြဲတမ်းမတည်ရှိနိုင်ပါ။ ကွန်ပြူတာ ပိတ်လိုက်သည်နှင့် ram
ပေါ်ရှိဒေတာများချက်ချင်းပျောက်ပျက်သွားစမြဲဖြစ်သည်။ ကွန်ပြူတာဖွင့်
ထားသည့်အချိန်ပင် လျှင် Ram ပေါ်ရှိဒေတာများမှာ မမြဲပေ။
အမြဲအားပြန်သွင်းခြင်း (Refreshing) လုပ်ပေးရသည် ၄င်းတာဝန်ကို MCC (Memory
Controller chip) က တာဝန်ယူပေးရသည်။ ထိုအချိန်တွင် ram ပေါ်ရှိဒေတာများကို
ယူဆောင်၍မရနိုင်ပေ။ အချိန်ခေတ္တစောင့်ပေးရသည်။ ၄င်းအအခြေ အနေကို (wait
state) ဟုခေါ်သည်။ ထို (wait state) က ကွန်ပြူတာကို နှေးကွေးစေသည်။
ထိုအခြေအနေကို ရှောင်နိုင်ရန် L1 နှင့် L2 ဟုခေါ်သော Static Ram (Chip type)
များကို CPU အတွက် အသုံးပြုကြသည်။
Cache သဘောတရား
နမူနာအားဖြင့် CPU သည် Ram ပေါ်ရှိဒေတာများကို
ယူဆောင်ရန်အချိန်ကျသည့်အခါတိုင်း MCC ကို အချက်ပေးသည်။ သို့သော် MCC သည်
Refreshing လုပ်နေသည့်အချိန်(wait state) ကိုရှောင်ကွင်းနိုင်ရန် Cache
ကိုသုံးထားသည်။ CPU အတွက် လိုအပ်မည့် ဒေတာများကို ကြိုတင်ကာ cache ထဲတွင်
သိမ်းဆည်းထားခြင်းအားဖြင့် CPU သည် MCC ကို စောင့်နေစရာမလိုတော့ပဲ
လိုအပ်သောဒေတာများကို တွက်ချက်နိုင်သည်။ Cache သည် chip type
ဖြစ်သောကြောင့် Refreshing လုပ်စရာမလိုပေ။ Cache ကို Level
အလိုက်ခွဲခြားထားသည်။ Level 1 Cache နှင့် Level 2 Cache ဆို၍
ခွဲခြားထားသည်။
ယခင်က Cache များကို Mother Board ပေါ်တွင် တပ်ဆင်အသုံးပြုကြသည်။
နောက်ပိုင်းတွင် Cache L1 ကို CPU ထဲတွင် တပ်ဆင်အသုံးပြုကြသည်။ ထိုမှတဆင့်
Level 2 Cache သည်လည်း CPU နှင့် အတူ ဖွဲ့စည်းတည်ဆောက်ကာအသုံးပြုလာကြသည်။
Level 1 Cache
Level 1 Cache သည် CPU နှင့် အနီးဆုံးသော Memory ဖြစ်သည်။ size
ငယ်သော်လည်း မြန်ဆန်သည်။ ပုံမှန်အားဖြင့် Kb level သာရှိပါသည်။ CPU သည်
လိုအပ်သော Data ကို L1 Cache တွင် အရင်ရှာသည်။ မရှိက L2 သို့ ရှာသည်။ L2
တွင် မရှိသော Data များအတွက် MCC ကိုအကူအညီတောင်းကာ RAM ထဲတွင်ရှာသည်။
Level 2 Cache
Level 2 Cache သည်လည်း Level 1 Cache ကဲ့သို့ပင်လုပ်ဆောင်ပါသည်။
သို့သော် ၄င်းသည် size ကြီးသည်။ ထိုကဲ့သို့ Cache နှစ်ဆင့်ခံခြင်းအားဖြင့်
CPU သည် Data ကို စောင့်နေစရာမလိုတော့ပဲ မြန်ဆန်စွာ အလုပ်လုပ်နိုင်သည်။
Cache Size ကြီးလေလေ CPU ပိုမြန်လေဖြစ်သည်။ နောက်ပိုင်းပေါ်ပေါက်လာသော CPU များသည် L2 Cache ကို Mb level ထိ အသုံးပြုကြသည်။
Celeron သည် L2 Cache ကို လျှော့ကာ ဈေးပေါအောင် စီမံထားသော CPU အမျိုးအစားဖြစ်သည်။
No comments:
Post a Comment