Monday, 17 March 2014
CPU (Central Processing Unit)
CPU အမျိုးအစား အများအပြားရှိပါသည်။ Code name များ Model အလိုက်ကွာခြားခြင်း .. အမြန်နှုန်းအလိုက် .. အမျိုးအစားများကွဲပြားခြင်း.. L1 , L2 Cache size အပေါ်မူတည်၍လည်း အမျိုးအစားကွဲပြားသေးသည်။ PIII Series မှစ၍ ထင်ရှားသော CPU များကို စတင်ဖော်ပြပါမည်။ P III အမျိုးအစား CPU ၏ code name များမှာ..
Pentium III ၏ ပထမဦးဆုံး CPU “katmia”
Pentium III ၏ ဒုတိယမျိုးဆက် CPU “coppermine”
Pentium III ၏ တတိယမျိုးဆက် CPU “tualatin”
Pentium III Xenon အမျိုးအစားများလည်းရှိသေးသည်။ ယင်းတို့၏ code name များကိုတော့ ဖော်ပြခြင်း မပြုတော့ပေ။ ၄င်း စီးရီးအပြီးတွင် Intel မှ Celeron ကို စတင်ထုတ်လုပ်ခဲ့သည်။ (Celeron ဆိုသည်မှာ L2 Cache ၏ Size ကို လျော့ချ၍ ဈေးသက်သာအောင်စီမံထားသော Series အမျိုးအစားဖြစ်သည်။ L2 Cache ဆိုသည်ကို လက်ရှိတွင် CPU ကို ပို၍မြန်စေသည့် Static Ram ဟု မှတ်ထားစေလိုပါသည်။)
Pentium IV ၏ code name များကိုလည်း ဖော်ပြပေးလိုက်ပါသည်။
Pentium IV ၏ ပထမဦးဆုံး CPU “willamette”
Pentium IV ၏ ဒုတိယမျိုးဆက် CPU “North Wood”
Pentium IV ၏ ဒုတိယမျိုးဆက် နှင့် တတိယ မျိုးဆက် ကြားရှိ CPU “gallatin” (Extreme Edition)
Pentium IV ၏ နောက်ဆုံးမျိုးဆက် CPU “cedar mill”
၎င်းတို့သည် intel ၏ Pentium Series များ၏ ထင်ရှားသော Code Name များဖြစ်ကြသည်။ Code Name အလိုက်မည်သို့ကွာခြားသည်ကို နောက်ပိုင်းတွင် ဆက်လက်ဖော်ပြပါမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment