Monday, 17 March 2014

RAM အမျိုးအစားများ

RAM နှင့် ပတ်သတ်၍ ရှင်းပြရမည်ဆိုလျှင် အမျိုးအစားနှစ်မျိုးရှိသည် ။
Static Ram နှင့် Dynamic Ram ဟူ၍ ရှိသည်။
Static Ram သည် တည်မြဲသည်။ မဖျက်သ၍ မပျောက်ပျက်  ထို့အပြင်မြန်လည်းမြန်ပါသည်။ သို့သော် ဈေးကြီးသည်။ chip type ဖြစ်သည်။
Dynamic Ram သည် Capacitor type ဖြစ်သည်။ ထို့ကြောင့် (Refreshing) အားပြန်သွင်းရသည် ။ ဈေးပေါသည်။ Capacitor ဖြစ်သောကြောင့် နေရာအများကြီးရသည်။ Refreshing ပြန်လုပ်ရသော ကြောင့်  Static Ram ထက်နှေးသည်ဟုဆို၍ရသည်။ အရင်ခေတ်တွင် အသုံးပြုခဲ့ကြသော Ram များတွင် FPM (First Page Mode) နှင့် EDO (extended data output)ဟူ သော system များပါရှိသည်။ ၄င်းတို့သည် Refreshing time ကို လျှော့ချထားခြင်းဖြစ်သည်။ အရင်က Ram များကို Mhz ဖြင့် မတိုင်းကြသေးပေ။ NS (nerno second) = 60 x 10^9 s  ဖြင့်သာ တိုင်းတာကြသည်။ နောက်ပိုင်း SD RAM (synchronous dynamic RAM) များပေါ်လာသောအခါ Mhz အဖြစ်ပြောင်းသွားကြသည်။
SD RAM ၏  အမြန်နှုန်းမှာ 75,83,100,133Mhz နှင့်  bit rate 64 မှာ ဖြစ်သည်။ 168 pin connector ဖြစ်သည်။
RD SD RAM (Rambus DRAM) အမြန်နှုန်းမှာ 400 Mhz မှ 800 Mhz အထိရှိလာသည်။ သို့သော် ၄င်း Ram သည် အပူအလွန်ထွက်သည်။ ဈေးလည်းအလွန်ကြီးသည်။ မူပိုင်ခွင့် ထိန်းချုပ်ခံခဲ့ရသည်။ ထို့ကြောင့် သူ့နေရာတွင်အစားထိုးရန် DDR SD RAM များပေါ်ပေါက်လာသည်။
DDR SD RAM (Double Data Rate Synchronous Dynamic RAM) မှာ CPU နှင့် MCC ကြားရှိ FSB ကို အမြန်နှုန်း ၂ ဆ တင်လိုက်ခြင်းဖြစ် သည်။ ထို့ကြောင့် ၄င်း ၏ အမြန်နှုန်းမှာ 266,333,400 Mhz ဖြစ်လာခဲ့သည်။ 184 pin connector ဖြစ်သည်။
DDR2 မှာ DDR RAM ကို အဆင့်မြှင့်ထားသော RAM ဖြစ်သည်။ အမြန်နှုန်းမှာ  533,667,800,1066 Mhz OC (over clocking) အထိရလာသည်။ 240 Pin Connector ဖြစ်သည်။
DDR3 ကိုနောက်ပိုင်းတွင် ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment